ကျွန်းလှ ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ Placement Test (အထူးအစီအစဉ်)ဖြင့် ဇွန် ၁၅ ရက်နေ့ နံနက် ၉ နာရီက မူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် Placement Test (အထူးအစီအစဉ်)ဖြင့် စာမေးပွဲဖြေဆိုရန် မူလတန်းနှင့် အလယ်တန်းစာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၉၈) ဦးအနက် ယနေ့ (၈၄) ဦးဖြေဆို၍ ပျက်ကွက်သူ ၁၄ ဦးရှိကြောင်း၊ ဖြေဆိုသည့်ရာခိုင်နှုန်း ၈၅ ဒသမ ၇၁ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းမြင့်နိုင်နှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ