ရွှေတောင် ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်ဇွန်ကျေးရွာကွင်းအမှတ် (၄၂၁)၊ မင်းရွာကွင်း တောင်သူ ဦးစောလွင်၏ ယာ - ၁၄ နွေးစပါးရိတ်သိမ်းပြီး မိုးစပါးစိုက်ပျိုးရန် မြေပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဇယ်မကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာကွင်းအမှတ် (၄၉၀) ရေမျက်ကွင်း တောင်သူ ဒေါ်တင်မိုးသိန်း၏ လယ်မြေ (၇) ဧကတွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ဇယ်မကျေးရွာအုပ်စု၊ စိုက်ပျိုးရေးရွာသစ်ကျေးရွာ ကွင်းအမှတ် (၄၉၀) ရေမျက်ကွင်း တောင်သူ ဦးဝင်းဇော်ဟိန်း၏ လယ်မြေ (၃) ဧကတွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း (Home Garden) အခြေအနေအားများ၊ ထန်းကုန်းကျေးရွာအုပ်စု၊ ဝါးတောသာကျေးရွာနေ တောင်သူ ဦးဇော်ဟိန်း၏ နို့စားနွား မွေးမြူထားရှိမှုနှင့် နို့ထွက်ပစ္စည်း " အောင်ဒင်" ဒိန်ချဥ် ထုတ်လုပ်ရောင်းချမှုအခြေအနေများ၊ မင်းကွန်းကျေးရွာအုပ်စု၊ တပ်သစ်ကျေးရွာ ကွင်းအမှတ် (၄၂၃ B) အင်ကြင်းစင်ကွင်းအတွင်းရှိ တောင်သူ ဦးသိန်းဝင်း၏ မှော်ဘီ-၂ စပါးပျိုးအား ပျိုးဗန်းဖြင့် ပျိုးထောင်နိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ကြာနီကန်ရပ်ကွက်၊ ရွှေနတ်တောင်လမ်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးလှဝင်း၏ နို့စားနွားအကြီး (၁၇) ကောင်၊ အသေး (၁၀) ကောင် ၊ ဆိတ် (၂၀) ကောင် မွေးမြူထားရှိသည့် နွားခြံအား ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)