မိုင်းယောင်း ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ယမ်းခမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းကို လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုစု၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း