အမြို့မြို့အနယ်နယ်သတင်းများ

ကျွန်းလှမြို့နယ်တွင် Placement Test (အထူးအစီအစဉ်) ဖြင့် မူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ Placement Test (အထူးအစီအစဉ်)ဖြင့် ဇွန် ၁၅ ရက်နေ့ နံနက် ၉ နာရီက မူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုကြောင်း သိရသည်။

မြောင်းမြတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၃/၂၀၂၆) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးသတ်ဦးစီးဌာနက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၃/၂၀၂၆) ကို ယနေ့နံနက် (၉း၀၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းကို လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ယမ်းခမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းကို လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးကြောင်း သိရသည်။

ကြံခင်းမြို့၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ သက်ကျမုနိ ဓမ္မာရုံ၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက မှုခင်းကျ ဆင်းရေး ကော်မတီအဖွဲ့များပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟော ပြောပွဲပြုလုပ်ခဲ့သည်။

ချောက်မြို့မစျေး၌ အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ချောက်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အသားဆိုင်များတွင် အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး အပတ်စဥ်ကွင်းဆင်းကြပ်မတ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၊ ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စစ်မှုထမ်းဟောင်းများ တက်ရောက်ခဲ့ကြသည်။

ကြံခင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ သတ္တမအကြိမ်မြောက် မြတ်ရတနာ ဓမ္မာစကူလ်းသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြို့မရပ်ကွက်၊ စာချကျောင်းတိုက်၊ ဓမ္မရက္ခိတဓမ္မာရုံ တွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ သတ္တမအကြိမ်မြောက် မြတ်ရတနာဓမ္မာစကူလ်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ စာချကျောင်းတိုက်ဆရာတော်၊ ဓမ္မစကူးလ် ကော်မတီ အကျိုးတော်ဆောင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ နည်းပြဆရာမ၊ ကျောင်းသား၊ ကျောင်းသူ များ၊ မိဘများတက်ရောက်ကြသည်။

လဲချားမြို့၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက အထက (လဲချား) သို့ ကွင်းဆင်း‌ဆောင်ရွက်ပေးခဲ့သည်။

ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့မှ ဦးဆောင်၍ ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပေါ်စေရေး၊ ပိုးလောက်လန်း မှတဆင့် ခြင်ပေါက်ပွားမှုမရှိစေရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ကာ ရပ်ကွက်၊ ကျေးရွာ/အုပ်စုများတွင် လိုက်လံဆောင်ရွက်ရှိကြသည်။

သန်လျင်မြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး အဆင့်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး အဆင့်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ