ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့နံနက် (၉)နာရီအချိန်တွင် ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။