ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကြံခင်း      ဇွန်  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့မှ ဦးဆောင်၍ ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပေါ်စေရေး၊ ပိုးလောက်လန်း မှတဆင့် ခြင်ပေါက်ပွားမှုမရှိစေရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ကာ ရပ်ကွက်၊ ကျေးရွာ/အုပ်စုများတွင် လိုက်လံဆောင်ရွက်ရှိကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်မှူးနှင့် စာရေးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက စုရပ်အသီးသီး မှစတင်၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်စေရေးအတွက် ခြင်များအလွယ်တကူ ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်း အိုးများ၊ ရေစည်၊ ရေပုံးများ၊ တာယာခွံများ၊ ရေဝင်နိုင်သည့် စွန့်ပစ်ပစ္စည်းများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာများတွင် ခြင်ဆေးဖျန်းခြင်း  တို့ကိုဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)