အမြို့မြို့အနယ်နယ်သတင်းများ

မင်္ဂလာဒုံမြို့နယ် ရက်၁၀၀စီမံချက်ဖြင့် သဒ္ဓမ္မဇောတိကဓဇဘကကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကုန်းတလပေါင်း RHC ၊ မြောက် S/C အပိုင်ရှိ သဒ္ဓမ္မဇောတိကဓဇဘကကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်‌နေ့က ပြုလုပ်ခဲ့သည်။

ဘိုက‌လေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နတ်ချောင်းတံတားအနီးတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများနှင့် ပူးပေါင်း၍ ဖြတ်သန်းသွားလာကြသော ပြည်သူများ၊ မော်တော်ယာဉ်များအား သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ဖျာပုံမြို့၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းစာကြည့်တိုက်များကို စနစ်တကျ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ (၁၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ အထက (၃) ကျောင်း းမြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

ဓနုဖြူမြို့နယ်၌ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

တွံတေးမြို့နယ်တွင် မိုးစပါးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသခြင်းနှင့် မျိုးစေ့၊ ဓာတ်မြေသြဇာပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မိုးစပါးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသခြင်းနှင့် ကွင်းသရုပ်ပွဲ တောင်သူအသိပညာပေးလုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာ ယနေ့နံနက် ၉ နာရီက ဘုရားငုတ္တို (မ) ကျေးရွာရှိ ကွင်းအမှတ် (၁၂၃)၊ ဦးပိုင်အမှတ် (၃၈/ ၁၊ ၃၇/ ၃) တောင်သူ ဒေါ်ခင်မာချိုနှင့် ဦးသိန်းငွေတို့၏ လယ်မြေစိုက်ဧက (၉.၀၂) ဧကတွင် ဆင်းသုခစပါးမျိုးစိုက်ပျိုးမှုကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ရှိ စန္ဒာတေဇာရာမပရဟိတကျောင်းသို့ ဗလာစာအုပ်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ စစ်ကိုင်းမြို့ရှိ စန္ဒာတေဇာရာမ ပရဟိတကျောင်းသို့ ဗလာစာအုပ်များလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာတိုးပွားစေရေး၊ စာအုပ်စာပေလေ့လာဖတ်ရှုမှုတိုးပွားစေရေး ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ဥာဏစွမ်းရည်ပြိုင်ပွဲများအား ယမန်နေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် အ‌ခြေခံပညာမူလတန်းကျောင်း (နမ့်ခိုက်) ၌ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင်  Unicef မှ အခြေခံပညာမူလတန်းကျောင်း (နမ့်ခိုက်) သို့ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဇွန်လ ၁၁ ရက်က အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ဇွန်လ(၁၂)ရက်၊ နေ့လယ်ပိုင်းက အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းသား/သူ (၄၁၉၉)ဦးအား မျက်စိစမ်းသပ် စစ်ဆေးပေးနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/သူများ၏ အမြင်အာရုံကျန်းမာသန်စွမ်းစေရန်နှင့် မျက်စိရောဂါများကို ကြိုတင်ကာကွယ်ကုသနိုင်ရန်အတွက်  ရက်(၁၀၀)စီမံချက်အရ ဇွန်လ(၁၁)ရက်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု ပဏာမ မျက်စိစမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ