ဖျာပုံမြို့၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဖျာပုံ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းစာကြည့်တိုက်များကို စနစ်တကျ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ (၁၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ အထက (၃) ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲတွင် ဖျာပုံမြို့နယ်ပညာရေးမှူး ဦးထွန်းလွင်က ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းစာကြည်တိုက်များ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုလမ်းညွှန်စာအုပ်ပါ အကြောင်းအရာများမှ စာအုပ်များ တိုက်ပိုင်ရေးသွင်းနည်း၊ မျိုးတူစုခွဲခြင်း၊ စာအုပ်ထားသိုမှုနှင့် စာကြည့်တိုက်ဆိုင်ရာအချက်အလက်များအား ဆွေးနွေးပြောကြားပြီး ဆရာဇော်ဂျီစာကြည့်တိုက်မှ တွဲဖက်စာကြည့်တိုက်မှူး ဒေါ်သူဇာနွယ်က စာကြည့်တိုက်တစ်တိုက်တွင်ရှိရမည့် အချက်အလက်များအား ဆွေးနွေးပြောကြားကြရာ ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာကြီး/​ဆရာမကြီးများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပြန်လည်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)