လားရှိုးမြို့တွင် အ‌ခြေခံပညာမူလတန်းကျောင်း (နမ့်ခိုက်) ၌ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

လားရှိုး ဇွန် ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင်  Unicef မှ အခြေခံပညာမူလတန်းကျောင်း (နမ့်ခိုက်) သို့ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဇွန်လ ၁၁ ရက်က အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) (ရှမ်းမြောက်) မှ ပြည်နယ်ပညာရေးမှူး ဦးတင့်ဆွေက အမှာစကားပြောကြားပြီး လားရှိုးမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်က ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် Unicef မှ ရှမ်းပြည်နယ် ပညာရေးတာဝန်ခံ ဦးသိန်းသန်းထွန်းက ကျောင်းသား၊ ကျောင်းသူများအား အမေးအဖြေများ မေးမြန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက “သားသားမီးမီး စာသင်မယ်" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ဂိမ်းကစားခြင်း၊ သင်္ချာဉာဏ်စွမ်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Unicef မှ ရှမ်းပြည်နယ် ပညာရေးတာဝန်ခံက ကျောင်းသား‌၊ ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်လှူဒါန်းခဲ့ရာ အခြေခံပညာမူလတန်းကျောင်း (နမ့်ခိုက်) မှ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)