ဓနုဖြူ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်နန့်အေးအေးနွယ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်တို့က အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းဆေးပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ တိုင်းရင်းဆေးပညာပေးသင်တန်းကို ဇွန်လ (၉)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းသား/သူ(၃၆)ဦးတက်ရောက်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်နန့်အေးအေးနွယ်၊ မအူပင်ခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သက်သက်အေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)