ရန်ကုန်ကလေးဆေးရုံကြီးတွင် ရင်ချင်းဆက်အမွှာခွဲစိတ်ခြင်းအား အလှူငွေပေးအပ်
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့သည် ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ပြည်ထောင်စုရိပ်သာလမ်း၊ ရန်ကုန်ကလေးဆေးရုံကြီးတွင် ရင်ချင်းဆက်အမွှာခွဲစိတ်ခြင်းအား အလှူငွေပေးအပ်သည်။