စစ်ကိုင်းမြို့ရှိ စန္ဒာတေဇာရာမပရဟိတကျောင်းသို့ ဗလာစာအုပ်များလှူဒါန်း

စစ်ကိုင်း ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ စစ်ကိုင်းမြို့ရှိ စန္ဒာတေဇာရာမ ပရဟိတကျောင်းသို့ ဗလာစာအုပ်များလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့ရှိ ‌စန္ဒာတေဇာရာမ ပရဟိတကျောင်းနှင့် အရိယာသီသ ပရဟိတကျောင်းများသို့ ဗလာစာအုပ်ဒါဇင်(၅၀)ကို မန္တလေးတိုင်းဒေသကြီး မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှဥက္ကဋ္ဌ ဦးဟန်ထွန်းဦးနှင့် အသင်းဝင်များက လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)