အမြို့မြို့အနယ်နယ်သတင်းများ

ကလေးဝမြို့တွင် မြို့ပေါ်ရပ်ကွက်များရှိ မဲရုံပြုလုပ်မည့် နေရာများအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော မြို့ပေါ်ရပ်ကွက်ရှိ မဲရုံပြုလုပ်မည့်နေရာများအား ယနေ့ နံနက် ၈ နာရီက တာဝန်ရှိသူများက ကွင်းဆင်း၍ စစ်ဆေးခဲ့သည်။

ခရစ္စမတ်နေ့တွင် ငွေဆောင်ကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေသို့ ယမန်နေ့ဒီဇင်ဘာ၂၅ (ခရစ္စမတ်နေ့)က ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၃၅၀၅)ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၅ခု နှစ်၊ ဒီဇင်ဘာလ( ၁၉) ရက်နေ့မှ စတင်ကာ  ပြည်တွင်းခရီးသွားဧည့်သည် (၂၂၅၃၂)ဦး၊ ပြည်ပခရီးသွားဧည့်သည် ( ၅၀၀) ဦး၊ စုစုပေါင်း (၂၃၀၃၂)ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရမ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက အမှတ် (၃) ရပ်ကွက် ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

သရက်ချောင်းမြို့နယ်၌ ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါး၊ ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ)စံပြကွက်နှင့် ဆောင်းသီးနှံစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား (ပဉ္စမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် ဇမ္ဗူသီရိမြို့နယ်၌ မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး​ဇေနော်ဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကဝမြို့နယ်တွင် အဆင့်မြင့်ထွန် (Power Harrow) ဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၄) စက်မှုလယ်ယာစခန်း(အုန်းနှဲ)မှ အဆင့်မြင့်ထွန် (Power Harrow)ဖြင့် ထွန်ယက်ခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက အမှတ် (၁၀၉၂ခ)၊ ဦးပိုင် အမှတ် (၇၆/၃)၊ တောင်သူ ဦးကိုကိုဇင် ပိုင်လယ်မြေ (၈.၀၀)ဧက၌ ဆောင်ရွက်ခဲ့သည်။

မြန်အောင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီနှင့် ဆန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ် (၁) ရပ်ကွက်၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် Reversible Mouldboard Plough ဖြင့် ထွန်ယက်သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းတွင် အသုံးပြုသော ခေတ်မီစက်ကရိယာဖြစ်သည့် Reversible Mouldboard Plough ဖြင့် ထွန်ယက်​သရုပ်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီချိန်က ကျီးမနိုကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာရှိ တောင်သူဦမောင်ဆန်း၏ စိုက်ဧက (၅) ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်မဲရုံအသီသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၂၆)ရက်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်၌ မဲပေးစက်များ ထုတ်ယူနေမှုနှင့် မဲရုံများခင်းကျင်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများသို့ မဲပေးစက်များ ထုတ်ယူနေမှုအခြေအနေနှင့် မဲရုံများခင်းကျင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ