အမြို့မြို့အနယ်နယ်သတင်းများ

တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားရုံ၌ ရန်ကုန်တိုင်းဒေသကြီး ကလပ်ပေါင်းစုံ  ကရာတေးလူရွေးပြိုင်ပွဲ ဆက်လက်ကျင်းပ

သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက် ပဒေသာအားကစားရုံ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ကလပ်ပေါင်းစုံကရာတေးလူရွေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဆက်လက်ကျင်းပပြုလုပ်ပါသည်။

ကြံခင်းမြို့၌  ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု(မြို့နယ်အဆင့်)ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက (မြို့နယ်အဆင့်) ကျောင်းစာကြည့်တိုက်စီမံ ခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးနှင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက် ကြသည်။

ကြံခင်းမြို့၌ ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက (မြို့နယ်အဆင့်) ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုသင်တန်းဖွင့်​ပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးနှင့်အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ပုသိမ်မြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးပြီး အသိပညာဗဟုသုတများ တိုးပွားစေရန် လူငယ်‌ရေးရာဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် အမှားအမှန်ခွဲခြားသိမြင်နိုင်သော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ လူငယ်ရေးရာ ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ၊ နီလာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ‘’ဟင်္သာ’’  ခန်းမတွင် ပြုလုပ်ခဲ့သည်။

အိမ်မဲမြို့ အ-ထ-က (၂)တွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ ဦးဆောင်ကျင်းပသောမှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်ကကျင်းပခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ မှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများက တက်ရောက်ခဲ့ကြသည်။

အိမ်မဲမြို့တွင် မိုးစပါးစီမံကိန်းသီးနှံလုပ်ငန်းဆောင်ရွက်မည့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းမတွင် ၂၀၂၆ -၂၀၂၇ ခုနှစ်၊ မိုးစပါးစီမံကိန်းသီးနှံလုပ်ငန်းဆောင်ရွက်မည့် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းသား တောင်သူများအတွက် သွင်းအားစု​ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၂ ရက် နံနက် ၉ နာရီက မရဲ့အုန်းပင်စုကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ