မင်္ဂလာဒုံ ဇွန် ၁၂
မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကုန်းတလပေါင်း RHC ၊ မြောက် S/C အပိုင်ရှိ သဒ္ဓမ္မဇောတိကဓဇဘကကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမာ၏ လမ်းညွှန်ချက်အရ ကုန်းတလပေါင်း RHC မှကျန်းမာရေးဝန်ထမ်းများ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ (467) ဦးအား ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံးပြု၍ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ Grade 3 and 4 ကျောင်းသား/သူ (145) ဦးအား Snellen Chart အသုံးပြု၍ Vision Test ပြုလုပ်ခြင်း Grade -4 မှ Vision မကောင်းသော ကျောင်းသူ (1) ဦး၊ Grade-3 မှ Vision မကောင်းသူ ကျောင်းသား (1) ဦးကျောင်းသူ (1) ဦး စုစုပေါင်း (3) ဦးအား စာသင်ချိန်များတွင် ရှေ့တန်းတွင်ထိုင်၍ စာသင်ရန် မှာကြားခြင်း၊ KG ကျောင်း/သူ (22) ဦးအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်းရောဂါ စစ်ဆေးပေးခြင်း၊ After Lunch Tooth Brushing ပြုလုပ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်း၊ ကျောင်းသား/သူကြီးများ ဦးဆောင်၍ ပိုးလောက်လန်းနှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ မိုးရာသီအဖြစ်များသော ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ၊ အသဲရောင်အသားဝါအေရောဂါ၊ ကိုဗစ်ရောဂါအကြောင်းကျန်းမာရေးပညာပေးခြင်း၊ သန့် ၄ သန့်၊ ရန်သူ၊ အစားစားပါ၊ စနစ်မှန် လက်ဆေးနည်းကဗျာများအား ကလေးများအား သင်ကြားပေး၍ အဓိပ္ပါယ်များ ရှင်းပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မြို့နယ် (ပြန်/ဆက်)