ဘိုကလေး ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နတ်ချောင်းတံတားအနီးတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများနှင့် ပူးပေါင်း၍ ဖြတ်သန်းသွားလာကြသော ပြည်သူများ၊ မော်တော်ယာဉ်များအား သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မို့မို့သွင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး ပြည်သူများအား မုန်တိုင်ဘေး၊ လေပြင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ မီးဘေး အပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းသည်များအား အသိပညာပေးထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)