အိမ်မဲ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းမတွင် ၂၀၂၆ -၂၀၂၇ ခုနှစ်၊ မိုးစပါးစီမံကိန်းသီးနှံလုပ်ငန်းဆောင်ရွက်မည့် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းသား တောင်သူများအတွက် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းက သွင်းအားစုပေးအပ်ပွဲဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြာခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက မိုးစပါးစီမံကိန်းသီးနှံလုပ်ငန်းဆောင်ရွက်မည့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူ (၃၅)ဦး၏ စိုက်ပျိုးမြေဧက (၂၅၀)ဧကအတွက် ပုလဲဓာတ်မြေသြဇာ (၁၅၀) အိတ်အား ပေးအပ်ခဲ့ကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)