အိမ်မဲ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ ဦးဆောင်ကျင်းပသောမှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်ကကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်ရဲတပ်ဖွဲ့မှူးယာယီ ရဲမှူး ငွေမျိုးမြင့်နီ က အဖွင့်အမှာစကားပြောကြားခဲ့ သည်။ဆက်လက်၍မှုခင်းကျဆင်းရေးနှင့် မှုခင်းအသိပညာပေးဟောပြောရာတွင် မြို့နယ်ရဲတပ်ဖွဲ့ယာယီရဲမှူးက မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုမခံရစေရေး အကြောင်းအရာများကို လည်းကောင်း အိမ်မဲမြို့မရဲစခန်းမှ ဒုရဲမှူးလေးနိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သတ်သည့် မှုခင်းကျဆင်းရေးအကြောင်းအရာများကို ဟောပြောပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာသော ဆရာ/မ များကျောင်း သား/ သူ များအား မှုခင်းပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)