ကြံခင်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက (မြို့နယ်အဆင့်) ကျောင်းစာကြည့်တိုက်စီမံ ခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးနှင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက် ကြသည်။
ဦးစွာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော် သင်တန်းအဖွင့်ပွဲအမှာစကားပြောကြားရာတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများရှိ ကျောင်းစာကြည့်တိုက်များ၌ စီမံခန့်ခွဲမှုတတ်မြောက်စေရန် ပညာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်များတွင် သင်တန်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုမြို့နယ် အဆင့်ဖွင့်လှစ်ခြင်းဖြစ်တဲ့အတွက်ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာကျောင်းများမှကျောင်း စာကြည့်တိုက်တို့တွင် တာဝန်ယူဆောင်ရွက်နေကြသော ဆရာ၊ ဆရာမများအနေဖြင့်သင်တန်းမှ ပို့ချသော ဘာသာရပ်များအားစနစ်တကျသင်ယူကာ မိမိကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုး တက်ရေးစေရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်) ဆရာကြီး ဦးမောင်မောင်အေးက မြို့နယ်အဆင့် သင်တန်းဖွင့်လှစ် ပို့ချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ပြီးနောက် အခမ်းနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် သင်တန်းအား ဆက်လက်ပို့ချရာခဲ့ သင်တန်းနည်းပြ ၃ ဦးက ကျောင်းစာကြည့်တိုက်များ ပြုစုပျိုးထောင်ခြင်း၊ ကျောင်းစာကြည့်တိုက်လုပ်ငန်း၊ ကျောင်းစာကြည့်တိုက်ဝန်ဆောင်မှု၊ ကျောင်းစာကြည့်တိုက်အသုံးပြုခြင်း၊ လုပ်ငန်းများနှင့်စည်းကမ်းချက်များ၊ ကျောင်းစာကြည့်တိုက် စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျောင်းစာကြည့်တိုက်လုပ်ငန်းများဆိုင်ရာ ကြီးကြပ်အကဲဖြတ်ခြင်း၊ ဒူဝီဒဿမမျိုးတူစု၊ ပညာရပ်နှင့် ရည်ညွှန်းကိုကားချက်များအား သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းအား ကြံခင်းမြိနယ်အတွင်းရှိ အခြေခံပညာကျောင်း များနှင့် ကိုယ်ပိုင်းအထက်တန်း ကျောင်းတို့မှ သင်တန်းသား ၁၂၅ ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သင်ကြားပြသပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)