အမြို့မြို့အနယ်နယ်သတင်းများ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှု စု‌ပေါင်းစက်ဘီးစီးနင်းပွဲ အခမ်းအနား တက်ရာက်

၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှု အမျိုးသား/ အမျိုးသမီး စုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တိုင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ငရုတ်‌ကောင်းမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်‌ကောင်းမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ၎င်းတို့၏ နေအိမ်များသို့ ငရုတ်ကောင်းမြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ မဲရုံများအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ထုတ်ပေးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ််ဆေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်ရှိ မဲရုံများ၌ မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် ဒီဇင်ဘာ(၂၆)ရက်နေ့က အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များကို ထုတ်ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မိုးညှင်းမြို့နယ်၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း) ရပ်ကွက်ရှိ မြတ်သုခဆီစက်လုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်၌ မဲပေးစက်သရုပ်ပြပွဲ အခမ်းအနားကျင်းပ

‎‎မဟာအောင်မြေမြို့နယ်၊ သံလျှက်‌မှော် အနောက်ရပ်ကွက်၊ လိုရာပြည့်စုံရန်မျိုးလုံ ပေါ်တော်မူဘုရား (၅) ဆူဝန်းအတွင်း၌ မဲပေးစက်သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

တနိုင်းမြို့၌ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ကျေးရွာ၊ရပ်ကွက်ရုံးများတွင်  တတိယအကြိမ် မဲအတည်ပြု မဲစာရင်းများကြေညာထားပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက် ကိုင်တွယ်မည့်မဲရုံအဖွဲ့ဝင်များအား ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်း(၉)နာရီမှစ၍ သက်ဆိုင်ရာ ကျေးရွာ၊ရပ်ကွက်ရုံးများတွင် ကြိုတင်မဲရုံမျာပြင်ဆင်၍ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၆ နာရီက စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် အမှတ် (၂) ရပ်ကွက်ဓမ္မာရုံတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့ နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၆)ကြိမ်မြောက် ဗုဒ္ဓပူဇနီယပွဲတော်နှင့် (၃)နှစ်တစ်ကြိမ် ဗုဒ္ဓမြတ်စွယ်တော်မြို့တွင်းသို့ ဒေသစာရီ ကြွချီအပူဇော်ခံပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၆)ကြိမ်မြောက် ဗုဒ္ဓပူဇနီယပွဲတော်နှင့်(၃)နှစ်တစ်ကြိမ် ဗုဒ္ဓမြတ်စွယ်တော်မြို့တွင်းသို့ ဒေသစာရီကြွချီ အပူဇော်ခံပွဲကျင်းပပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက သတ္တဌာနဘုရားကြီး၊ မြတ်စွယ်တော် ဂန္ဓကုဋီတိုက်တွင် ကျင်းပခဲ့ရာနမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့သည်။

လောင်းလုံးမြို့နယ်၌ (ပဉ္စမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနားကျင်းပ

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား (ပဉ္စမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနားကို ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ MEVM မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများအား မဲဆန္ဒနယ်အသီးသီးသို့ ပို့ဆောင်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဒီဇင်ဘာ၂၈ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆောင်ရွက်ရန် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများအား ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သတ်မှတ်မဲဆန္ဒနယ်အသီးသီးသို့ ပို့ဆောင်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ