ကြံခင်းမြို့၌ ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ကြံခင်း ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက (မြို့နယ်အဆင့်) ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုသင်တန်းဖွင့်​ပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးနှင့်အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော် သင်တန်းအဖွင့်ပွဲအမှာစကားပြောကြားရာတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများရှိ ကျောင်းစာကြည့်တိုက်များ၌ စီမံခန့်ခွဲမှုတတ်မြောက်စေရန် ပညာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီး /ပြည်နယ်၊ ခရိုင်များတွင် သင်တန်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု မြို့နယ်အဆင့်ဖွင့်လှစ်ခြင်း ဖြစ်တဲ့အတွက် ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းစာကြည့်တိုက်တို့တွင်​ တာဝန်ယူ ဆောင်ရွက်နေကြသော ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းမှ ပို့ချသော ဘာသာရပ် များအား စနစ်တကျသင်ယူကာ မိမိကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးစေရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး(ပူးတွဲတာဝန်) ဆရာကြီး ဦးမောင်မောင်အေးက မြို့နယ်အဆင့် သင်တန်းဖွင့်လှစ် ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောပြီးနောက် အခမ်းနားကို ရုတ်သိမ်းခဲ့သည်။

ထို့နောက် သင်တန်းအား ဆက်လက်ပို့ချရာခဲ့ သင်တန်းနည်းပြ ၃ ဦးက ကျောင်းစာကြည့်တိုက်များ ပြုစုပျိုးထောင်ခြင်း၊ ကျောင်းစာကြည့်တိုက်လုပ်ငန်း၊ ကျောင်းစာကြည့်တိုက်ဝန်ဆောင်မှု၊ ကျောင်းစာကြည့်တိုက်အသုံးပြုခြင်း၊ လုပ်ငန်းများနှင့်စည်းကမ်းချက်များ၊ ကျောင်းစာကြည့်တိုက် စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျောင်းစာကြည့်တိုက်လုပ်ငန်း များဆိုင်ရာ ကြီးကြပ်အကဲဖြတ်ခြင်း၊ ဒူဝီဒဿမမျိုးတူစု၊ ပညာရပ်နှင့် ရည်ညွှန်းကိုကားချက်များအား သင်ကြားပေးသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းအား ကြံခင်းမြိနယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်းအထက်တန်းကျောင်းတို့မှ သင်တန်းသား ၁၂၅ ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)