အမြို့မြို့အနယ်နယ်သတင်းများ

လဲချားမြို့၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက အထက (လဲချား) သို့ ကွင်းဆင်း‌ဆောင်ရွက်ပေးခဲ့သည်။

ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့မှ ဦးဆောင်၍ ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပေါ်စေရေး၊ ပိုးလောက်လန်း မှတဆင့် ခြင်ပေါက်ပွားမှုမရှိစေရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ကာ ရပ်ကွက်၊ ကျေးရွာ/အုပ်စုများတွင် လိုက်လံဆောင်ရွက်ရှိကြသည်။

သန်လျင်မြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး အဆင့်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး အဆင့်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

အရာတော်မြို့တွင် Placement Test (အထူးအစီအစဉ်) ဖြင့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့သည်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်းယာယီတိမ်းရှောင်စခန်း၌ စခန်း (၉) ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေး  

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာအတွင်း ယာယီတိမ်းရှောင်စခန်းများဖွင့်လှစ်၍ ခိုလှုံနေထိုင်လျက်ရှိသော စခန်း (၉) ခုမှ အိမ်ထောင်စုများအား ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင် စခန်းရှိ ခန်းမဆောင်၌ သွား‌ရောက်တွေ့ဆုံထောက်ပံ့ခဲ့ကြသည်။

နမ့်စန်မြို့နယ်တွင် Placement Test (အထူးအစီအစဉ်) စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မူလတန်းအောက်ဆင့်၊ မူလတန်းအထက်ဆင့်နှင့် အလယ်တန်းအဆင့် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်၍ အမှတ် (၂) ရပ်ကွက်ရှိ အထက (နမ့်စန်) စာစစ်ဌာနတွင် စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်ကျင်းပပြုလုပ်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲတက်ရောက်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ကြသည်။

သန်လျင်မြို့ ဗဟိုမူလွန်ကျောင်း ရာပြည့်အလှူငွေပေးအပ်

သန်လျင်ခရိုင် သန်လျင်မြို့ သိမ်ကျောင်းလမ်းရှိ ဗဟိုအခြေခံပညာမူလတန်းလွန်ကျောင်း နှစ် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကျင်းပရေး အလှူငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပသည်။

နောင်ချိုမြို့နယ် မျက်ချီးနုကျေးရွာအုပ်စု ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ မျက်ချီးနုကျေးရွာအုပ်စု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကို ဇွန်လ ၁၄ ရက် နံနက် ၉ နာရီအချိန်က မျက်ချီးနုကျေးရွာဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား “လမင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရုံးတောကျေးရွာအုပ်စုရှိ ရုံးတောအခြေခံပညာအထက်တန်းကျောင်း (အထက) တွင် ဇွန်လ ၁၄ ရက်နေ့က ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းနှင့် UID ကတ်ပြားများ ပေးအပ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ