လင်းခေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်နှင့် စံပြကွက် ဆောင်ရွက်မည့်တောင်သူများအတွက် မျိုးစေ့နှင့် မြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လင်းခေး ဇွန် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်နှင့်စံပြကွက်များ စိုက်ပျိုးမည့် တောင်သူများအတွက် မျိုးစေ့နှင့်‌မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းက ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်နှင့် စံပြကွက်များ စိုက်ပျိုးကြမည့် တောင်သူများကို မျိုးစေ့နှင့် မြေဩဇာထောက်ပံ့ပေးရခြင်းနှင့်စပ်လျဉ်းသည်များ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ပြည်နယ်‌မှူးနှင့် တာဝန်ရှိသူတို့က ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စပါး၊ နေကြာသီးနှံများ မျိုးစေ့ထုတ်နှင့်စံပြကွက် စိုက်ပျိုး‌မည့် တောင်သူ(၂၅)ဦးအတွက် ယူရီးယား မြေသြဇာ(၂၅)အိတ်၊ ကွန်ပေါင်း (၂၅) အိတ်၊ ပေါင်းစည်းလယ်ယာ (၁၀၀) အိတ်၊ ‌စပါး(၂၀၀)ကီလို၊‌ နေကြာ(၁၅)ကီလိုနှင့် နှမ်းသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကွက် စိုက်ပျိုးမည့် တောင်သူ(၉)ဦးအတွက် တစ်ဦးလျှင် ယူရီးယားမြေသြဇာ(၆)ပြည်နှုန်းစီအား (တတိယအကြိမ်) အဖြစ်ထောက်ပံ့ပေးအပ်သည်။

အခမ်းအနားသို့ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတောင်သူများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိဝန်ထမ်းများ စုစုပေါင်း (၅၂) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

စိုင်းဇော်လတ်(လင်းခေး)