အင်္ဂပူ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က (အင်္ဂပူ)ငုရွှေဝါခန်းမတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့် ကျောင်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကိုကျင်းပရာ သင်တန်းနည်းပြ (၂)ဦးက သင်တန်းသား/သူ (၂၈၀)ဦးခန့်အား လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းကာလမှာ (၃)ရက်ကြာမြင့်မည်ဖြစ် ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မိုး၊ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်အေးအေးမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီနှင့် ဝန်ထမ်များ၊ မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
မန်းကျော် (ပြန်/ဆက်)