ဟိုပင် ဇွန် ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီက ငါးမိုင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဟိုပင်မြို့တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်းနှင့် ဆရာမများက ကျေးရွာနေပြည်သူများအား လေငန်းလေဖြတ် ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး သိကောင်းစရာများကို ဟောပြောခြင်း၊ ကျေးရွာပြည်သူများအား သွေးတိုး၊ ဒူးနာ၊ ခါးနာ၊ အကြောတက်၊ ကိုက်ခဲ၊ အဆစ်ရောင်၊ လေးဘက်နာ၊ ထုံနာကျင်နာ ရောဂါများကို အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)