ပန်းတနော် ဇွန် ၁၂
ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် စားသုံးသူခွင့်ရေးနှင့် တာဝန်များကိုသိရှိနားလည်ပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ရွှေနော်သီရိခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင်ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာ ရှိဦးကိုကိုမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်ကကျောင်းသား၊ ကျောင်းသူများအားလူငယ်နှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောရာတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများဝယ်ယူရာ၌ ကုန်အညွှန်းအမှတ်အသားများကို စနစ်တကျဖတ်ရှုရွေးချယ်တတ်စေရန်၊ သက်တမ်းလွန် သို့မဟုတ်စိတ်မချရသော စားသောက်ကုန်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ရှောင်ရှားနိုင်ရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် အခွင့်အရေးများနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ စားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)