လှိုင်သာယာ(အနောက်ပိုင်း) တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေး

လှိုင်သာယာ(အနောက် ) ဇွန်   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အနော်ရထာစက်မှုဇုန်ရှိ Dishang Group ရုံးချုပ် Conference Room ၌ကျင်းပသည်။

ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ညွှန်ကြားရေးမှူးဦးစိုးနိုင်က ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်း‌ဆွေးနွေးခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းသူမှ ကလေးအလုပ်သမားခိုင်းစေခြင်းနှင့် စပ်လျဉ်းသည့်မူဝါဒနှင့် ဥပဒေအကြောင်းများကို ဆွေးနွေးသည်။

အခမ်းအနားသို့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တိုင်းအဆင့်တာဝန်ရှိသူများ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ Myanmar Hua Da Garment Co., Ltd အထည်ချုပ်စက်ရုံမှ HRမန်နေဂျာနှင့်တာဝန်ရှိသူများ၊ စက်ရုံအလုပ်သမားများ စုစုပေါင်း (၁၃၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)