ဇမ္ဗူသီရိ ဇွန် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဇမ္ဗူသီရိမြို့နယ် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ အမျိုးသမီးကော်မတီအတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံချက်များဆောက်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသော အမျိုးသမီးကော်မတီဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)