ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိစေရေး အသိပညာပေးဟောပြောပွဲ မော်လမြိုင်တွင် ပြုလုပ်

မော်လမြိုင်       ဇွန်  ၁၂

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ငွေမိုးအထူးကုဆေးရုံ၌ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိစေရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိက ကောင်းမွန်သော ဆေးဝါး သိုလှောင်ရောင်းချမှုကျင့်စဉ်၊ အမျိုးသားဆေးဝါးဥပဒေများ၊  ADR repording System များအကြောင်း၊ ဘေးဥပဒ် ကင်းရေး အတွက် စစ်မှန်သော ဆေးဝါးသုံးစွဲရန်၊ ဆေးဝါးဆိုင်ရာ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်သည့် အချက်အလက်များနှင့် ပတ်သက်သည်တို့ကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိစေရေး တွေနဲ့ပတ်သက်ပြီး အသိပညာပေးခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းများ အသိပညာနှင့် စွမ်းဆောင်ရည် တိုးမြှင့်လာစေရန်ရည်ရွယ်၍ ယနေ့ဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း  သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)