တနင်္သာရီတိုင်းဒေသကြီး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးသန်းထွတ်သိန်း  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်း က ထားဝယ်မြို့  ဆန်းချီဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ခမောက်ကြီးမြို့တွင် ဆုံဆို့နာ၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ကျောင်းအခြေပြု ဆုံဆို့နာ၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က ခမောက်ကြီးကျောင်းတွင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ရေဖြူမြို့၌ သစ်တောပြုန်းတီးမှုထိန်းသိမ်းနိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သစ်တောပြုန်းတီးမှုထိန်းသိမ်းနိုင်ရေးအတွက် နေ့စဉ်ထင်း၊ မီးသွေး သုံးစွဲမှုလျှော့ချနိုင်ရန် မြို့နယ်သစ်တောဉီးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေဖြူမြို့မရပ်ကွက်အတွင်း စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လက်နက်/ ခဲယမ်းများနှင့် အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားသို့ တက်ရောက်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းပြီး လက်နက်/ ခဲယမ်းများနှင့်အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့နံနက် ၉ နာရီက ထားဝယ်မြို့ အမှတ် (၂၅) ခြေလျင်တပ်ရင်းအောင်ဆန်းခန်းမ၌ ကျင်းပသည်။

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီမှ ကြီးမှူး၍ အသံမစဲမဟာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ (၂၄) ရက် နံနက် (၉) နာရီက မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၌ ကျင်းပသည်။

ကော့သောင်းမြိုသို့ နေရပ်ပြန်မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား (၁၂၃) ဦး၊ အမျိုးသမီး (၂၁) ဦး၊ စုစုပေါင်း (၁၄၄) ဦးအား စင်တင်ဘာ ၂၃ ၇နေ့က ထိုင်းနိုင်ငံ ရနောင်းမြို့၊ အခြေစိုက်အလုပ်သမားသံအရာရှိက ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ လက်ခံဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(တိုင်းဒေသကြီးတာဝန်ခံ)နှင့် တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တိုင်းဒေသကြီးတာဝန်ခံ) သည် စက်တင်ဘာ ၂၃ ရက်နေ့တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် ထားဝယ်လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။

ကရသူရိမြို့၌ ကျောင်းသား/ကျောင်းသူများ ဂိမ်းကစားခြင်းနှင့် စာဖတ်ခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် စိတ်ပျော်ရွှင်ရေး ဂိမ်းကစားခြင်းနှင့် စာဖတ်ခြင်းဆောင်ရွက်မှုကို စက်တင်ဘာလ ၂၂ ရက် ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မား‌စေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ‌ရေး၊ စာပေမှရရှိသော ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင် ကျောင်းသား/ ကျောင်းသူများ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် အ.ထ.က-ကလိန်အောင်ကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ (၁) နာရီက သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ ဝဥစိုက်ပျိုးထုတ်လုပ်သူများ ဈေးကောင်းရရှိပြီး ဝင်ငွေတိုး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဝဥစိုက်ပျိုးထားသူများ ဈေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုးကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး