သရက်ချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

သရက်ချောင်း ဒီဇင်ဘာ ၃၁

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်‌ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့နယ်၊ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် မြို့မ(၁)အသင်း၊ မြို့မ(၂)အသင်း၊ ကျောက်မြောင်း(၁)အသင်း၊ ကျောက်မြောင်း(၂)အသင်း၊ တီတွတ်ပြင်အသင်း၊ ပိန်းတောအသင်း၊ မီးသတ်အသင်း၊ ဆောက်လုပ်ရေးအသင်း၊ (အ-ထ-က)အသင်း ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲဝင်အသင်းများအား သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးက ပြိုင်ပွဲတွင်လိုက်နာရမည့် စည်မျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲအားစတင်ကစားရာ အဖွင့်ပွဲစဉ်များအဖြစ်(အ-ထ-က)အသင်းနှင့် ပိန်းတောအသင်း၊ မီးသတ်အသင်းနှင့် ကျောက်မြောင်း(၁)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားရာ အားကစားဝါသနာရှင်များက ကြည့်ရှုအား‌ပေးခဲ့ကြပြီး (အ-ထ-က)အသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မီးသတ်အသင်းက နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း အဆိုပါပြိုင်ပွဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့မှ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့အထိ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)