မြိတ် ဒီဇင်ဘာ ၃၁
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း(မြိတ်)တွင် ၂၀၂၄-၂၅ ပညာသင်နှစ်တွင် တက်ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသူများအား ဧကဒသမအကြိမ် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ပုလဲရတနာခန်းမတွင် ဒီဇင်ဘာ ၃၀ ရက်နေ့က ကျင်းပခဲ့သည်။
ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ၌ သားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ယုယုမော်က အောင်လက်မှတ်ယူမည့် သင်တန်းသူများအား သူနာပြုသားဖွားများ ခံယူအပ်သော အဓိဌာန်ပြု ကတိသစ္စာရွတ်ဆိုစေ၍ သင်တန်းသူ(၂၉)ဦးအား ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်များကို ကျောင်းအုပ်ကပေးအပ်ပြီး အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသူများအနေဖြင့် သင်တန်း(၂)နှစ်တာကာလအတွင်း သူနာပြု၊ သားဖွားကျင့်ဝတ်၊ အခြေခံသူနာပြုစုမှု၊ သားဖွားပညာရပ်၊ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု၊ ကလေးကျန်းမာရေးသူနာပြုစုမှု၊ မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ သုတေသနမိတ်ဆက် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားခဲ့ကြရပြီး သားဖွားဒီပလိုမာ စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း သင်တန်းကျောင်းမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)