တနင်္သာရီမြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

တနင်္သာရီ ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌  ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့်နေ့ထူး၊ နေ့မြတ်၊ နေ့ရက်များကို အစဉ်အမြဲသတိရနေစေရန် ရည်ရွယ်၍ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဒီဇင်ဘာ ၃၁ ရက်ကတပ်ဦးအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် လွတ်လပ် ရေးနှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများစသည်တို့ကို အသိပညာပေးဟောပြော၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ဉာဏ်စမ်းပြိုင်ပွဲပြုလုပ်ပေး၍ ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး လွတ်လွတ်ရေးနေ့ အသိပညာပေးစာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

သီသီခိုင်(ပြန်/ဆက်)