ဘုတ်ပြင်း ဒီဇင်ဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံးနှင့် ကဗျာနှင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်က အ-ထ-က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင်းပြိုင်ပွဲ၌ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် လွတ်လပ်ရေးကို ထိန်းသိမ်းဖို့တို့ လူငယ်များအသိရှိစို့ခေါင်းစဉ်ဖြင့် (၅)ဦး၊ ကဗျာပြိုင်ပွဲတွင် လွတ်လပ်ရေးနှင့်အနာဂတ်လူငယ်ခေါင်းစဉ်ဖြင့် (၈)ဦး၊ ပန်းချီပြိုင်ပွဲတွင် သွေးစည်းချစ်ကြည်လွတ်လပ်ရေးနေ့သစ်ဆီ ခေါင်းစဉ်ဖြင့် (၇)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်တွင်လွတ်လပ်ရေးအမွေထိန်းစို့လေ ခေါင်းစဉ်ဖြင့် (၄)ဦး၊ ပန်းချီပြိုင်ပွဲတွင် လွတ်လပ်ရေးအမွေထိန်းစို့လေခေါင်းစဉ်ဖြင့်(၄)ဦး၊ မူလတန်းအဆင့် ကဗျာပြိုင်တွင် လွတ်လပ်ရေးနေ့တို့မမေ့ ခေါင်းစဉ်ဖြင့်(၅)ဦး၊ ပန်းချီပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့သစ်ဆီသို့ ခေါင်စဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၉) ဦး၊ စုစုပေါင်းကျောင်းသားကျောင်းသူ(၄၂)ဦး ဖြေဆိုယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲသီးသီးတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအစီအစဉ်ဖြင့် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အ-ထ-က-ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ဘုတ်ပြင်း (ပြန်/ဆက်)