ကလိန်အောင် ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်ဓာတ်ပုံနှင့် သုတ/ရသစာအုပ်စာစောင်များ ပြသခြင်းတို့ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကလိန်အောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က အနာဂတ်မျိုးဆက်သစ်ကျောင်းသားကျောင်းသူများအနေဖြင့်မြန်မာနိုင်ငံနေ့ထူးနေ့မြတ်များအကြောင်းကိုသိရှိစေရန်၊လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ခေတ်အဆက်ဆက်လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းများ၊ ရရှိပြီးသည့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်မြင့်မားရေးတို့ကိုအသိပညာပေး ဆွေးနွေဟောပြောသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ လွတ်လပ်နေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သတ်သည့် သိမှတ်ဖွယ်ရာဗဟုသုတများ၊ နံရံကပ်ဓာတ်ပုံနှင့် သုတ၊ ရသစာအုပ်စာစောင်များ ပြသထားရာ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)