တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲ များကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ဒီဇင်ဘာ ၃၀ ရက်က ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်  စာစီစာကုံး ၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံးနှင့် ကဗျာနှင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်က အ-ထ-က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင်  ဧကဒသမအကြိမ်မြောက် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲကျင်းပ

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း(မြိတ်)တွင် ၂၀၂၄-၂၅ ပညာသင်နှစ်တွင် တက်ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသူများအား ဧကဒသမအကြိမ် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ပုလဲရတနာခန်းမတွင် ဒီဇင်ဘာ ၃၀ ရက်နေ့က ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်‌ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့နယ်၊ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွံများကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုလောမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည်။

ထားဝယ်မြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ဘုမ္မော်ရပ်ကွက်၊ ကွင်းအမှတ်-၁၄/၆၌ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမီတက်မှ အသင်းသားတောင်သူ ဦးဟန်စိန်၏ မိုးစပါးဧက ၅၀ ၌ ယနေ့မွန်းလွဲတွင် မိုးစပါးရိတ်သိမ်းလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပ သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲများ မြိတ်ခရိုင်လူထုအ‌ခြေပြုဗဟိုဌာနတွင် ကျင်းပ

(၇၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည့် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ/ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်လူထုအ‌ခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာ(၃၀)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပလောက်မြို့တွင် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီက ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပလောက်မြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများ ကျင်းပ

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှစ၍ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး