တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
“လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” စသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။