ခမောက်ကြီး ဩဂုတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ အ.ထ.ကခမောက်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ကျေးလက်ကျန်းမာရေးဌာနခွဲ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်က(KG)တန်းမှ ကျောင်းသား၊ ကျောင်းသူများအား အင်အားပြည့်ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခဲ့ပြီး အလယ်တန်းကျောင်းသား၊ ကျောင်းသူများကို သန်ချဆေးသောက်သုံးခြင်း၏ အကျိုးကျေးဇူးများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)