တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်

ထားဝယ်       ဩဂုတ် ၁၂

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီး၊ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူ၄၅၄၁ဦးဝင်ရောက်ဖြေဆိုခဲ့ရာ၂၂၉၇ဦးအောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း အားဖြင့်၅၀ ဒသမ ၅၈ ရာခိုင်နှုန်းရှိကာ တစ်နိုင်ငံလုံးအောင်ချက်အဆင့်(၅)ရရှိခဲ့ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ယခုကဲ့သို့ နှစ်စဉ်ဂုဏ်ပြုပွဲများ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာရေး ရင်းနှီးမြှုပ်နှံမှုများကို အလေးထားအားပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  ပညာသည်သာလျှင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးသော ရေသောက်မြစ်တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် က၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင် မြင်ခဲ့သည့် သုံးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများက  တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင့်ခဲ့သူများကို ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များချီးမြှင့်ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)