ကရသူရိ သြဂုတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကလေးအလုပ် သမားဆိုသည်မှာ၊ အဓမ္မခိုင်းစေခံနေရသည့် ကလေးများအကြောင်း၊ အသက်မပြည့်သေးသည့် ကလေးများအား သွေးဆောင်ဖြားယောင်းခိုင်းစေနေခြင်းအကြောင်း ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမား၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ ကလေးငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်ဆောင်ရွက်ပေး တို့ကို ဟောပြောပြီး ကလေးအလုပ်သမားဆိုင်ရာ အသိ ပညာပေး နံရံကပ်ဘုတ်များနှင့် စာအုပ်၊ စာစောင်များ ပြသဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲ ဆောင်ရွက်ခြင်းသည် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအနေဖြင့် မိမိပတ်ဝန်းကျင်၊ မိမိနေထိုင်ရာဒေသများ၌ သွေးဆောင်ဖြားယောင်မှုမခံရစေရေးနှင့် အဓမ္မ ခိုင်းစေခံရမှု မဖြစ်ပေါ်စေရေး ပညာပေးဟောပြောခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)