မြိတ်မြို့နယ်၌ ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းအောင်မြင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှာကြား
မြိတ်မြို့နယ်စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေကို Southern Green Power Co.,Ltd က လာရောက်တွေ့ဆုံရှင်းလင်းတင်ပြသည့်အခမ်းအနားကို ဩဂုတ် ၁၁ ရက်နေ့နံနက် ၁၁ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း မီးလင်းရေး၊ ၂၄ နာရီ မီးအပြည့်အဝရရှိရေး၊ တစ်ယူနစ် ဈေးနှုန်းလျော့ကျရေးကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။