ပလောက်မြို့ အခြေခံပညာမူလတန်းကျောင်း၌ ပုံပြင်များပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်‌

ပလောက် ဩဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ဩဂုတ် ၁၂ ရက်က ကလေး စာပေစာအုပ်၊ စာစောင်များ ခင်းကျင်းပေးကာ မိမိနှစ်သက်ရာ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုလေ့လာစေခြင်း၊ ကလေးစာပေများမှ အသိပညာပေး ပုံပြင်များပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်‌ပေးခဲ့ကြသည်။

ထိုသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်နှင်းမြူလွင်က စာဖတ်သည့်အလေ့ကျင့်များ ရရှိလာစေရန်ဟောပြောပြီး ဝန်ထမ်းများက ကလေးစာပေဖတ်ရှုလေ့လာခြင်း၊ ပုံပြင်များပြောခြင်း ဆောင်ရွက်ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူ‌လေးများ၏ ကလေးသူငယ်ဘ၀ လုံခြုံအေးချမ်း‌‌စေရန်နှင့် အတုခိုးမှား၊ အပေါင်းအသင်းမှား၍ လမ်းမှားမရောက်ရှိကြစေရန် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများ အသိပညာပေး နံရံကပ် စာစောင်များကို ပြသကြောင်း သိရသည်။

ပလောက် ( ပြန် /ဆက်)