မကွေးတိုင်းဒေသကြီး

စေတုတ္တရာမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများအားလုံး ရာနှုန်းပြည့် နုတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများအားလုံး ရာနှုန်းပြည့် နုတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့၌ (၉၆) ကြိမ်မြောက် ဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့၌ နှစ်စဉ်ကျင်းပဆောင်ရွက်မြဲဖြစ်သော ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီက မြို့မရပ်ကွက် မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်၊ သံဃာတော်များ စုရပ်ပြုလုပ်၍ အဆိုပါကျောင်းရှေ့မှ ဓါတ်တော်ဓမ္မာရုံအထိ မြို့လယ်လမ်းမတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပလောင်းလှူခဲ့ကြသည်။

မင်းဘူးမြို့ မဟာသကျမုနိ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၄) သူဌေးကုန်းရပ်ကွက်ရှိ မဟာသကျမုနိဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ နှစ်စဉ်အမြဲကျင်းပလာခဲ့ရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ရိုးရာလှေပြိုင်ပွဲများ၊ ဒိုးကလေးတေဂီတအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးမြို့၌ ၂၀၂၅ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မကွေးမြို့၌ ၂၀၂၅ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူလူဦးရေစာရင်းများကို ပြည်သူများသိရှိစေရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ၁၉ အုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့နံနက် ၇ နာရီက တစ်ပြိုင်နက် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် စတင်ကပ်ထားကြေညာထားကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ယနေ့မှစတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာဓမ္မာရုံများတွင် ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး