ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် မြစ်သာနဒီရသ စာဖတ်ဝိုင်းကျင်းပ

ဂန့်ဂေါ နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ရင့်မာ(ကျောင်းကုန်း)ရေးသားသည့် “ သစ်ပင်စိုက်သော ယောကျ်ားများ ” ရသအက်ဆေးဖြင့် မြစ်သာ နဒီ ရသစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။  

ဦးစွာ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာပေချစ်မြတ်နိုးသူ ဒေါ်သူဇာဝင်းက စာရေးဆရာ မောင်ရင့်မာ(ကျောင်းကုန်း)ရေးသားသည့် “ စိမ်းလဲ့လဲ့ မျက်ခင်းညီညီ အက်ဆေးမှတ်စုများ ” စာအုပ် မှ “သစ်ပင်စိုက်သော ယောကျ်ားများ” ရသအက်ဆေးကို ဖတ်ကြားခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဇော်၊ စာပေချစ်မြတ်နိုးသူ ဦးအောင်စိုးမင်း၊ ဦးထောင်းကျင်ထာ၊ ဒေါ်ချောချောဝင်း၊ ဒေါ်အိစန္ဒာဝင်းတို့နှင့် စာပေချစ်မြတ်နိုးသူများက အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ် စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသမှုများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း