မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အခမဲ့အခြေခံအင်္ဂလိပ်စာသင်တန်း စတင်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၏ကြီးကြပ်မှုဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများအား ကာယဉာဏဖွံ့ဖြိုးစေရန်၊ အင်္ဂလိပ်စာ၏အခြေခံသဒ္ဒါပိုင်းဆိုင်ရာများကို သိရှိနားလည်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ငဖဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံး စာမေးပွဲ စတင်ဖြေဆို

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 မြန်မာစာဘာသာရပ် နှစ်ဆုံးစာမေးပွဲကို  ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိသည်။

နတ်မောက်မြို့၌ နွေရာသီကျောင်းပိတ်များတွင် အခမဲ့အခြေခံသင်တန်းများဖွင့်လှစ်ပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် အခမဲ့အခြေခံသင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကာလ၌အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင်အခြေခံကျကျရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre ) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် နဘူးကွဲကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး               

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး  ဆင်းရဲလျော့ကျစေရန်ရည်ရွယ်၍ နဘူးကွဲကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဧကာဒဿမ စက်ဝန်းထုတ်ချေးခြင်းကို  ယမန်နေ့  နေ့လယ်ပိုင်းက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေစက်တော်ဘုရားပွဲတော်အတွင်း ပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်သွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရား၌ ပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဘုရားပွဲတော်ရာသီအတွင်း တပေါင်းလဆန်း ၉ ရက်နေ့၌ ရွတ်ဖတ် ပူဇော်သွားမှာဖြစ်ကြောင်း ဂေါပကဥက္ကဌ ဦးအေးကိုထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲမှ ကြီးမှူးကျင်းပသည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲမှ ကြီးမှူးကျင်းပပြုလုပ်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းရာသီက စိုက်ပျိုးသည့် ထောပတ်ပဲသီးနှံ (၃၀၄၂) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ထောပတ်ပဲသီးနှံ (၃၀၄၂) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ မုန့်ဖြူ မုန့်နီများကြော်၍ တပေါင်းလရိုးရာအခါ ပုန်းမကြီးတင်မြှောက်ပွဲများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများနှင့်ပြည်သူများက မုန့်ဖြူ၊ မုန့်နီများပြုလုပ်ကာ တပေါင်းလ ရိုးရာအခါ ပုန်းမကြီးအရှင်မ တင်မြှောက်ပူဇော်ပွဲကို ယမန်နေ့ နံနက်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင် ကွင်းဆင်းပြသခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး