နတ်မောက် မတ် ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် အခမဲ့အခြေခံသင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပလျက်ရှိသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်စေရန်၊ ကျောင်းသား/သူများအားလုံး ယနေ့ကမ္ဘာကြီးတွင် နည်းပညာများသည် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲလျက်ရှိရာ ကွန်ပျူတာနှင့်အင်္ဂလိပ်စာများကို ခေတ်နှင့်အညီ လူသားတိုင်းကျယ်ပြန့်စွာအသုံးပြုနိုင်စေရန် ကွန်ပျူတာအခြေခံ၊ အင်္ဂလိပ်စာအခြေခံတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာသင်ယူတတ်မြောက်စေရန် အခမဲ့ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့်အတူ အနုပညာစိတ်ကူးစိတ်သန်းကောင်းမွန်စေရန်အတွက် အခမဲ့ပန်းချီသင်တန်းများကိုလည်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့ အထောက်အကူပြု အခမဲ့ကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းများကို သင်တန်းနည်းပြများမှ တနင်္လာနေ့မှ သောကြာနေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
လှဝင်း