ငဖဲ မတ် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 မြန်မာစာဘာသာရပ် နှစ်ဆုံးစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါနှစ်ဆုံး စာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၆၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်း စုစုပေါင်း (၆၉) ကျောင်းတွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် နှစ်ဆုံး စာမေးပွဲကိုမတ်လ ၃ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ ဖြေဆိုပြီးစီးရေးအတွက် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် မြို့နယ်ပညာရေးမှူးဦးကျော်ဝင်းတို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ/ဆရာမများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် Grade-5 နှင့် Grade-9 မြန်မာစာဘာသာရပ် စာမေးပွဲကိုစတင်ဖြေဆိုလျက်ရှိရာ အခြေခံပညာမူလတန်းဆင့်Grade-5 ကျောင်းသား/သူ (၉၁၆)ဦးနှင့် အလယ်တန်းဆင့် Grade-9 ကျောင်း သား/သူ (၆၆၄)ဦး စုစုပေါင်း ဖြေဆိုသူ (၁၅၈၀) ဦး ရှိပြီး Grade-5အတန်းမှ မတ်လ ၇ ရက်နေ့ထိနှင့် Grade-9 အတန်းမှ မတ်လ ၈ ရက်နေ့ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
မယု(ငဖဲ)