နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အခမဲ့အခြေခံအင်္ဂလိပ်စာသင်တန်း စတင်ဖွင့်လှစ်

နတ်မောက် မတ် ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၏ကြီးကြပ်မှုဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများအား ကာယဉာဏဖွံ့ဖြိုးစေရန်၊ အင်္ဂလိပ်စာ၏အခြေခံသဒ္ဒါပိုင်းဆိုင်ရာများကို သိရှိနားလည်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းတွင် နည်းပြဆရာမ ဒေါ်မူခင်စန္ဒာထွေးမှ Phonic ဆိုင်ရာအခြေခံများကို သင်ကြားပေးသွားမည်ဖြစ်ရာ တက်ရောက်လာကြသည့် သင်တန်းသား/သူ (၆၀)ဦးဖြစ်ပြီး သင်တန်းကာလမှာ တစ်လကြာသင်ကြားပေးသွားမည်ဖြစ်သည်။

လှဝင်း