မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့မဈေး၌ ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး ကြပ်မတ်စစ်ဆေးအသိပညာပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade - 5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ၏ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက စတင်၍ မြန်မာစာဘာသာရပ်ကို သက်ဆိုင်ရာစာသင်ကျောင်းများ၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade - 5 နှင့် Grade - 9 နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများက မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် ဌာနဆိုင်ရာ စုပေါင်းရုံး (၄)ထပ်ဆောင်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပွင့်လင်းရာသီအတွင်း ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း အသိပညာပေးအစီအစဉ်ကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး (၄)ထပ်ဆောင် ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။             

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အင်္ဂလိပ်စာ 4 Skills သင်တန်း စတင်ဖွင့်လှစ်

ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ ကျောင်းပညာရေးတွင် အထောက်အကူဖြစ်စေရန်နှင့် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာကြည့်တိုက်များနှင့်ရင်းနှီးကျွမ်း၀င်စေရန်အတွက် အင်္ဂလိပ်စာ 4 Skills သင်တန်းကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပညာဒါနအဖြစ် ယနေ့နံနက် (၈) နာရီက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီခွဲက အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းရာသီက စိုက်ပျိုးသည့် မြေပဲ ၂၅၈၀ ဧကထိ နုတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧက မြေပဲတောင့် ၅၄ ဒသမ ၆၃ တင်းခန့် ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် မြေပဲသီးနှံ ၂၅၈၀ ဧကထိ နုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် မြေပဲတောင့်တင်းရေ ၅၄ ဒသမ ၆၃ တင်းခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်တွင်းကြီးမြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဈေးများ မီးလောင်ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ရွှေကြာအင်း (၁) ရပ်ကွက်ရှိ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး