မကွေးတိုင်းဒေသကြီး

လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထင်ရှားလာသော မြန်မာ့သနပ်ခါး

မြန်မာနိုင်ငံတွင် သနပ်ခါးကိုသုံးစွဲလာကြသည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော် အေဒီ ၅ ရာစုမှ အေဒီ ၉ ရာစုအတွင်း ပျူခေတ်မှယနေ့အထိ နှစ်သက်စွာအသုံးပြုလာကြပြီး “လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်” အဖြစ် တစ်စတစ်စ ထင်ရှားလာခဲ့သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို နောင်လာနောက်သား ကလေးငယ်များက လက်ဆင့်ကမ်းထိန်းသိမ်းကြရမည်

မြန်မာနိုင်ငံတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များစွာရှိပေရာ မြန်မာ့ရိုးရာအတာသင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါး၊ ရိုးရာယဉ်ကျေးမှုဖြင့် ဝတ်စားဆင်ယင်ထုံးဖွဲ့ခြင်း၊ ရိုးရာဂီတ၊ မြန်မာ့ရိုးရာ အားကစားများနှင့် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာ လက်မှုအနုပညာများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များပင်ဖြစ်သည်။

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက ရာနှုန်းပြည့် သိမ်းဆည်းပြီးစီးဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက ရာနှုန်းပြည့် သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်တွင် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ​မတ်လပထမပတ် ကျန်းမာရေးချို့တဲ့ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ၁၃၈၆ ခုနှစ်တပေါင်းလဆန်း(၃) ရက်၂၀၂၅ ခုနှစ်ယနေ့နံနက်ပိုင်းမှစတင်ကာ နေ့လည် (၁)နာရီအချိန်အထိ စေတနာရှင် ဆေးဝါးကျွမ်းကျင်ဆရာဝန်များနှင့်ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူရပ်ဝေးရပ်နီးမှ  ရဟန်းရှင်လူ ပြည်သူများအား  မတ်လပထမပတ်အဖြစ် ဆေးကုသပေးလျက်ကြောင်း သိရသည်။

ကံမမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ ချပြရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ ချပြရှင်းလင်းပွဲကို မြို့နယ်ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံအရာရှိများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်-ပြည်-မန္တလေးလမ်း (မကွေးမြို့ပတ်လမ်း)ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ရန်ကုန်-ပြည်-မန္တလေးလမ်း (မကွေးမြို့ပတ်လမ်း) (၄၈) ပေအကျယ် ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက် သည်။

နတ်မောက်မြို့နယ် လျှပ်စစ်ဦးစီးဌာနရုံးတွင် မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လျှပ်စစ်ဦးစီးဌာနရုံးတွင် မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အဆိုပါရုံတွင် ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၄)ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၄)ခုကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ချောက်မြို့၌ တာဝန်ရှိသူများက မုန့်မျိုးစုံလုပ်ငန်းရှင်များ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး​

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးဦးဆောင်၍ ကောင်းကင်၊ သင်းရနံ့၊ ဂုဏ်၊ ဝင်းရွှေရည်မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် မြို့မဈေးအတွင်း စားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် FDA စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ စားသောက်ကုန်ဆိုင်များအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဈေးကွက်နမူနာကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး