ပခုက္ကူ မတ် ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင် ကွင်းဆင်းပြသခဲ့ကြောင်း သိရသည်။
ထိုသို့ပြသရာတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများက လူငယ်ရေးရာဆိုင်ရာကျင့်ဝတ်စံနှုန်းများ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အောင်မြင်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ စာဆိုပညာရှင်များ၏ အဆိုအမိန့်များ၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ကွင်းဆင်းပြသကြရာ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၉) သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)